ZTE V960 အတွက် root လုပ်နည်းလေးပါဗျာ မသိသေးတဲ့သူတွေအတွက်ပေါ့
ဒီဖိုင်လေးကို ဒေါင်းလိုက်ပါဦး အရင်ဆုံး
download Here
ပီးရင်တော့ အဲ့ထဲမှာပါတဲ့ဖိုင်တွေကိုဖွင့်ကြည့်လိုက်ပါ။
V960 အတွက် CWM , root , boot animation changer တွေပါတယ်နော်
root အတွက်ဆို 2.3.4 , 2.3.5 ဆိုပီး နှစ်မျိုးပါတယ်။ ကိုယ့်ဗားရှင်းအလိုက်သုံးကြပေါ့နော်
လုပ်နည်းလေးကတော့ normal mode မှာတင်ကြိုးထိုးလိုက်ပါ။ ZTE ADB driver တော့လိုတယ်နော် အဲ့ကောင်လေးသွင်းထားလိုက်။
ကြိုးထိုးပီးလို့ သက်ဆိုင်ရာ bat ဖိုင်လေးကို run လိုက်ရင် ဖုန်းက reboot တစ်ချက်ကျပီး fastboot ကိုရောက်သွားမယ်။
ပီးရင် reboot နောက်တစ်ခေါက်ပြန်တက်လာရင် တော့ cwm သွင်းခြင်းပဲဖြစ်ဖြစ်၊ root ခြင်းပဲဖြစ်ဖြစ်ပီးဆုံးပီ
cwm သွင်းတဲ့သူတွေအတွက် cwm ခေါ်နည်းလေးကတော့ vol up + home + power နော်
အဲ့မှာတစ်ခုမှာစရာရှိတယ် reboot တစ်ခေါက်ကျပီး fastboot ၀င်သွားတဲ့အခါမှာ ADB မသိတော့ပဲ wait for device ကနေ ဆက်မတက်တော့ဘူးဆိုရင်တော့
Huawei Driver လေးကိုကောက်သွင်းလိုက်ပါ fastboot မှာ ADB သိသွားလိမ့်မယ်
အားလုံးပဲအဆင်ပြေပါစေဗျာ
Post By Hein Maung
No comments:
Post a Comment