
TubeMate ဟာ YouTube ဆိုဒ်ကနေ ဗွီဒီယိုဖိုင်တွေကို Android Device နဲ့ Download လုပ်ရမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတာပါ.. ကျွန်တော်အပါအဝင် တော်တော်များများလည်းသုံးကြပါတယ်.. တစ်ချို့ကပြောတယ်. တစ်ဝက်လောက်နဲ့တင် ရပ်သွားတယ်တဲ့.. အဲဒါ Connection ပြဿနာကြောင့်ပါ.. ဒီ App ရဲ့ ကောင်းကွက်က သူ့ကို Run လိုက်တာနဲ့ YouTube ကိုတိုက်ရိုက်ရောက်သွားပါတယ်.. ကိုယ်ကြည့်ချင်တာ၊ လိုချင်တာကို Search မှာအလွယ်တကူရှာနိုင်ပါတယ်.

ကြိုက်တဲ့ Video ဖိုင်ကို တွေ့ပြီဆိုရင် လက်နဲ့ တစ်ချက်ထိလိုက်တာနဲ့ ကြည့်မှာလား၊ Download လုပ်မှာလား မေးပါတယ်..

Download ကိုရွေးလိုက်ရင် Video ရဲ့ အရည်အသွေးကို ထပ်ရွေးခိုင်းပါတယ်. အရည်အသွေးမြင့်မြင့်ကို ရွေးလိုက်မယ်ဆိုရင် ဖိုင်ဆိုဒ်က ကြီးမားပြီး Download လုပ်ရခက်ပါတယ်.. ဒါကြောင့် ပုံမှန်အားဖြင့် 640x360 ကိုပဲရွေးသင့်ပါတယ်..

မြန်မာနိုင်ငံထဲမှာ နေပြည်တော်လိုနေရာမျိုးကိုရောက်နေပြီး သုံးထားတဲ့ Device က မြင့်နေတယ်ဆိုရင်တော့ 1280x720(HD) နဲ့ 1920x1080(Full HD) လို Resolution ကောင်းကောင်းကို ဒေါင်းနိုင်ပါတယ်..
No comments:
Post a Comment