Sony Xperia Z ကိုလွယ်လွယ်ကူကူနဲ့ Root ဖောက်နိုင်ဖို့အတွက် ဒီပို့စ်ကိုတင်ပေးတာဖြစ်ပါတယ် ။
အခက်အခဲတွေတော့ဘာမှမရှိပါဘူး ။ Bootloader Unlock လုပ်ဖို့လည်းမလိုပါဘူး ။ လုပ်ပုံလုပ်နည်းလေးတွေနဲ့ လိုအပ်တာလေးတွေကို ဒေါင်းလုပ်ယူဖို့အတွက် လင့်ကိုအောက်မှာပေးထားပါတယ် ။
အဓိကလိုတာကတော့ One Click Root Tool Software လေးပဲဖြစ်ပါတယ် ။ ဒီကောင်က Android device တော်တော်များများကို Root ဖောက်ပေးနိုင်ပါတယ် ။ ကဲ ..... စလိုက်ကြရအောင်
Root မလုပ်ခင် ဖုန်းကိုဘက်ထရီအား အနည်းဆုံး 65% လောက်ရှိအောင်သွင်းထားရပါမယ် ။
Computer မှာလဲ Sony Xperia Z Driver ကိုတင်ပြီးသားဖြစ်ရပါမယ် ။ မရှိသေးဘူးဆိုရင်တော့ ဒီနေရာ ကနေဒေါင်းလုပ်ယူနိုင်ပါတယ် ။
One Click Root tool ကို ဒီနေရာ လေးကနေဒေါင်းပါ ။
အားလုံးပြည့်စုံပြီးဆိုရင်တော့ Root စလုပ်တော့ပါမယ် ။
ဖုန်းကို USB ကြိုးနဲ့ကွန်ပြူတာဆီချိတ်လိုက်ပါ ။ဖုန်းမှာ USB Debugging ကို On ထားပေးပါ ။
ပြီးရင်ကွန်ပြူတာက One Click Root tool ကိုဖွင့်ပါ ။ ဆော့ဝဲကသူ့အလိုလိုအလုပ်လုပ်သွားပြီးတဲ့အခါ ဖုန်းက Reboot ကျသွားပါလိမ့်မယ်
Reboot ပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Super user / Super Su တစ်ခုခုတွေ့ ပါလိမ့်မယ် ။
ဒါဆိုရင်တော့ ဖုန်းကို Root လုပ်တာလုံးဝအောင်မြင်သွားပါပြီဗျာ ........
No comments:
Post a Comment