IOS 6.0 ကနေ 6.1.2 အထိ Jailbreak လုပ်နိုင်တဲ့ Evasi0n Jailbreak tool လေးပါ ။ IOS 6 တင်ထားတဲ့ iPhone 5, 4S, 4, 3GS, iPod Touch 5G, 4G, iPad Mini 4,3,2 တွေကို Jailbreak လုပ်နိုင်ပါတယ် ။ မိတ်ဆွေတို့ စမ်းသပ်ဖို့တင်ပေးတာပါ ။ အဆင်ပြေဖို့ ရာခိုင်နှုန်းက 99% ရှိပါတယ် ။
1. Evasi0n ကိုဒီမှာ Download ဆွဲပါ ။ ရလာတဲ့ဖိုင်ကိုဖွင့်တဲ့အခါကွန်ပြူတာမှာဒီလိုလေးမြင်ရပါမယ် ။
2. iDevice ကို USB ကြိုးနဲ့ကွန်ပြူတာဆီချိတ်လိုက်ပါ ။ iTunes ကိုတော့ပိတ်ထားပေးပါ ။
3. Jailbreak ကိုနှိပ်ပါ ။ သူ့အလိုလိုဆက်အလုပ်လုပ်သွားပါမယ် ။
4. ပြီးသွားရင် iDevice ပေါ်မှာ Jailbreak ဆိုတဲ့ Icon ကိုရှာပြီးဖွင့်လိုက်ပါ ။
5. Evasi0n အလုပ်လုပ်ပြီးတဲ့အထိစောင့်ပါ ။ Reboot ကျသွားပါလိမ့်မယ် ။
6. Reboot ပြန်တက်လာရင် Cydia icon လေးကို iDevice ပေါ်မှာတွေ့ ပြီဆိုရင်တော့ Jailbreak လုပ်တာအောင်မြင်သွားပါပြီ ။
အဆင်ပြေကြပါစေဗျာ ......
No comments:
Post a Comment