Home

HTC Incredible S Android Version 4.0.4 ကို Root လုပ်မယ်





The HTC Incredible S ဟာဖုန်းကောင်းတစ်လုံးပါ ၊ ဒါပေမယ့် ဖုန်းကဟိုလုပ်မရ ဒီလုပ်မရနဲ့ အချူပ်အနှောင်တွေတော်တော်များပါတယ် ။ ဖုန်းရဲ့  ရသအပြည့်အ၀ကို ခံစားချင်တယ်ဆိုရင်တော့ သေချာပေါက် Root ဖောက်ထားရမှာပါ ။ ဘယ်လိုလုပ်ရမလဲဆိုတော့ ......

ပထမဆုံး Bootloader Unlock လုပ်ရပါမယ် ။ Bootloader လုပ်ပုံကို ဒီနေရာမှာ အသေးစိတ်ရေးပေးထားပါတယ် ။
ဒုတိယ အနေနဲ့လုပ်ရမှာကတော့ဖုန်းကို “S-OFF” (SECURITY OFF)လုပ်ရမှာပါ ။ အဲ့တာမှ System File တွေကိုပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ် ။ Root လုပ်ဖို့အတွက်လည်းသေချာပေါက်လိုအပ်ပါတယ် ။
လိုအပ်ချက်များ :
  • HTC Incredible S
  • Computer (Your OS must be Linux or Windows)
  • USB data cable
 S-OFF လား S-ON လားဆိုတာကိုစစ်ဖို့အတွက် အောက်ကအဆင့်တွေအတိုင်းလုပ်ပြီးကြည့်နိုင်ပါတယ်
    1. ပထမဆုံး Menu ထဲဝင်ပါ ။ ပြီးတော့ Settings > Applications > Turn off Fast Boot လုပ်ပေးပါ ။
    2. ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။
    3. Volume Down key + Power ကိုစက္ကန့် အနည်းငယ် ဖိထားပေးပါ ။
    4. ဖုန်း Reboot ကျသွားပြီးရင် အဖြုရောင် စကရင်ပေါ်မှာ စာကြောင်းလေးတွေကိုမြင်ရပါမယ် ပထမဆုံးစာကြောင်းကိုကြည့်ပြီးတော့ S-OFF လား S-ON လားဆိုတာစစ်နိုင်ပါတယ် ။
    5. HBoot ဆိုတဲ့စာကြောင်း ဘေးကနံပါတ်လေးတွေကိုမှတ်ထားရပါမယ် ။                 နောက်ပိုင်းမှာသုံးဖို့လိုလို့ပါ ။

ကဲ အခု S-OFF လုပ်ပြီးဖုန်းကို Root လုပ်ပါတော့မယ်...
  1. ကွန်ပြူတာကနေပြီးတော့ Windows version of Revolutionary tool ကို http://revolutionary.io/ မှာ ဒေါင်းပါ ။ အောက်နားလေးဆွဲချပြီး Download for Windows ဆိုတဲ့နေရာလေးမှာပါ ။Browser ကိုမပိတ်လိုက်ပါနဲ့ ။ ဒီအတိုင်းပဲထားထားပါ ။
  2. Winzip/Winrar သုံးပြီးတော့ Extract လုပ်ပါ ။ ဒီလိုဖိုင်လေးတွေပေါ်လာပါမယ် ။
  3. HTC Incredible S ကို USB ကြိုးနဲ့ကွန်ပြူတာဆီချိတ်လိုက်ပါ ။ ဖုန်းမှာ USB Debugging on ထားပေးဖို့လိုပါတယ် ။ မလုပ်ရသေးဘူးဆိုရင်တော့ဖုန်းမှာ Settings > Applications> Development ဆီသွားပြီးတော့ USB debugging ကိုအမှန်ခြစ်လေးပေးပါ ။
  4. Revolutionary folder ကို Right Click နှိပ်ပြီးဖွင့်လိုက်ပါ ။
  5.  ‘Run as Administrator’ ကိုနှီပ်ပါ ။
  6. Program ကနေပြီးတော့ Key တစ်ခုချပေးပါမယ် ။ အဲ့တာကိုမှတ်ထားပေးပါ ။
  7. ခုနတုန်းကဖွင့်ထားခိုင်းတဲ့ revolutionary Browser ဆီပြန်သွားပါ ။ ပြီးတော့ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ပေးပါ ။ HBoot version ကိုခုနတုန်းကမှတ်ခိုင်းထားခဲ့တဲ့ နံပါတ်လေးထည့်ပေးရပါမယ် ။
  8. “Serial number” ကို Program ကချပေးတဲ့ နံပါတ်ကို ရိုက်ထည့်ရပါမယ် ။ Generate Key ကိုနှိပ်ပါ ။
  9. everything was successful လို့ပေါ်လာပြီးရင် if you want to flash Clockwork လို့မေးပါလိမ့်မယ် ။ Y ကိုနှိပ်လိုက်ပါ ။
  10. အားလုံးပြီးပြီဆိုရင်တော့ HTC Incredible S ကို Reboot လုပ်ပေးပါ ။
  11. S-OFF ဖြစ်ပြီလားဆိုတာကိုတော့ အပေါ်မှာစစ်တဲ့အတိုင်းပြန်စစ်ကြည့်ပါ ။   ဖြစ်ပြီးဆိုရင်ဆက်သွားပါမယ်
  12. နောက်တော့ ဒီဖိုင်လေး  ဒေါင်းလိုက်ပါ ။
  13. ရလာတဲ့ဖိုင်ကို SD card ထဲကိုထည့်ပေးပါ ။သတိထားဖို့ကတော့ ဖိုင်ကို Folder တွေထဲမထည့်ပဲနဲ့ အပြင်မှာသာ ထားရမှာပါ ။
  14. ဖုန်းရဲ့  USB ကြိုးကိုဖြုတ်လိုက်ပါ
  15. ဖုန်းပါဝါပိတ်ပါ ။
  16. Volume Down+Power button ကိုဖိပြီးပြန်ဖွင့်ပါ ။ Hboot တက်လာပါမယ် ။
  17. Volume Down ခလုပ်ကိုသုံးပြီးတော့ “RECOVERY” အထိသွားပါ ။
  18. Power button နှိပ်ပြီးရွေးပြီး  ClockworkMod recovery mode ကိုထပ်ရွေးပါ ။
  19. ပြီးတော့ “Install zip from sd card” ကိုရွေးပါ ။
  20. “Choose zip from sd card” ကိုဝင်ပြီး “su-3.0-efgh-signed.zip” ကိုရွေးပေးပါ ။
  21. ပြီးတာနဲ့ “Yes – install su-3.0-efgh-signed.zip”  ကိုရွေးပါ ။
  22. Install လုပ်ပြီးပြီဆိုရင်အစဆီသွားဖို့ Back နှိပ်ပြီးတော့ Reboot ကိုရွေးပေးလိုက်ပါ ။
  23. နောက်ဆုံးတော့ ဖုန်းကို Root လုပ်တာအောင်မြင်ပြီဖြစ်ပါတယ် ။
မှတ်ချက် : ဖုန်းကို root လုပ်ဖို့အတွက် အပေါ်ကအချက်တွေကို သေချာလိုက်လုပ်ပေးဖို့လိုပါတယ် ။ အပေါ်ကအချက်အားလုံးကိုမှန်မှန်ကန်ကန်လုပ်ခဲ့တယ်ဆိုရင်တော့ ဖုန်းက သေချာပေါက် Root ပေါက်ပါတယ် ။ နောက်တစ်ခုက Serial number သွင်းတဲ့နေရာမှာ စာလုံးကြီး ၊ စာလုံးသေး တွေကိုမှန်ကန်အောင်သွင်းဖို့အရေးကြီးပါတယ် ။

Sources: XDA Developers



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...